Ayar Club

ဧ​ရာ​က​လပ်


ဧ​ရာ​မြန်​မာ​ယူ​နီ​ကုဒ်​သုံး​စွဲ​သူ​များ​အ​တွက် ​လွယ်​လ​င့်​တ​ကူ​အ​ချက်​အ​လက်​ရှာ​ဖွေ​ရန်၊ ​မေး​မြန်း​ရန်​နှ​င့် ​အ​ခြား​သိ​လို​သ​ည့် ​အ​ချက်​အ​လက်​များ​အ​တွက်​ဖန်​တီး​ပေး​ထား​သ​ည့်​နေ​ရာ​ဖြစ်​ပါ​သည်။

Ayar Tutorial VDO

ထောက်​ကူ​ပြု​မှတ်​တမ်း​ဗီ​ဒီ​ယို


ဧ​ရာ​ယူ​နီ​ကုဒ် ​စာ​လုံး​အ​တွက် ​သိ​သ​င့်​သိ​ထိုက် ​လို​အပ်​မ​ည့် ​သိ​ကောင်း​စ​ရာ​များ​အ​တွက် ​အ​ကောင်း​ဆုံး​ဖြစ်​အောင် ​စီ​မံ​ဖန်​တီး​ထား​သ​ည့် ​ရုပ်​သံ​မှတ်​တမ်း ​ဗီ​ဒီ​ယို​များ​စု​စည်း​ပေး​ထား​ရာ​နေ​ရာ​ဖြစ်​သည်။

Web Development

Support


ဧ​ရာ​ယူ​နီ​ကုဒ်​အ​ဖွဲ့​သည် ​ဧ​ရာ​မြန်​မာ​ယူ​နီ​ကုဒ်​စာ​လုံး​များ​အ​သုံး​ပြု​မ​ည့် ​အွန်​လိုင်း​စာ​မျက်​နှာ​များ​အ​တွက် ​အ​ကောင်း​ဆုံး​နှ​င့် ​အ​ထိ​ရောက်​ဖြစ်​အောင် ​ကူ​ညီ​ဆောင်​ရွက်​ပေး​နေ​ပါ​သည်။

ယူ​နီ​ကုဒ်?
မြန် ​မာ ​ယူ ​နီ ​ကုဒ် ?
ယူ​နီ​ကုဒ် ​အ​က္ခ​ရာ​စ​နစ်​သည် ​ဗ​မာ​စာ​နှ​င့် ​မြန်​မာ​တိုင်း​ရင်း​သား ​စာ​များ ​အ​ပါ​အ​ဝင် ​ခေတ်​သစ် ​နိုင်​ငံ​တ​ကာ ​စာ​ပေ​ရေး​ထုံး​စ​နစ် ​အ​သစ် ​ဖြစ်​သည်။ ​ဤ​စ​နစ်​အ​ရ ​မြန်​မာ​အ​က္ခ​ရာ​များ​ကို Universal Character Set ​ဟု​ခေါ်​သော ​က​မ္ဘာ​သုံး ​အ​က္ခ​ရာ​ဇ​ယား​တွင် ​အ​တိ​အ​ကျ ​နေ​ရာ​ချ​ထား​ပြီး ​ဖြစ်​သ​ည့်​အ​တွက် ​ဤ​စ​နစ်​ကို ​လိုက်​နာ​ပါ​က ​မြန်​မာ​အ​က္ခ​ရာ​များ​သည် ​နိုင်​ငံ​တ​ကာ ​အ​က္ခ​ရာ ​ရေး​ထုံး​စ​နစ်​တွင် ​အံ​ဝင်​စေ​သ​ဖြ​င့် ​စံ​လွဲ​သ​ည့် ​ပြ​ဿ​နာ​များ ​မ​ရှိ​နိုင်​ပါ။ ​ဥ​ပ​မာ​အား​ဖြ​င့် ​ကွန်​ပျူ​တာ ​ဖြ​င့် ​စာ​စီ​ရာ​တွင်​ဖြစ်​စေ၊ ​စာ​လုံး​ပြောင်း​ရာ​တွင်​ဖြစ်​စေ ​စာ​လုံး​အ​ရွယ်​နှ​င့် ​အ​ထား​အ​သို​များ ​မှန်​ကန်​စေ​ခြင်း​၊ ​ကွန်​ပျူ​တာ​စ​နစ်​ဖြ​င့် ​သို​မှီး​ထား​သော ​အ​ချက် ​အ​လက်​များ​ကို ​စ​နစ်​တ​ကျ ​ပြန်​လည်​ရှာ​ဖွေ​ရန် ​လွယ်​ကူ​စေ​ခြင်း​၊ ​အင်​တာ​နက် ​သုံး​စွဲ​ရာ​တွင် ​ဖော​င့်​စ​နစ်​များ ​ညီ​ညွတ်​သ​ဖြ​င့် ​စာ​လုံး​များ​ကို ​မှန်​ကန်​စွာ ​မြင်​ရ​ခြင်း ​စ​သ​ည့် ​အ​ထောက်​အ​ကူ​များ ​ရ​ရှိ​မည် ​ဖြစ်​ပါ​သည်။
ဧ ​ရာ ​မြန် ​မာ ​ယူ ​နီ ​ကုဒ်?
ဧ​ရာ​ယူ​နီ​ကုဒ် ​စာ​လုံး​များ​သည် ​နောက်​ဆုံး​ထွက် ​နိုင်​ငံ​တ​ကာ​ယူ​နီ​ကုဒ်​စ​နစ် ​၆.​၀ ​အ​တိုင်း ​အ​ခြေ​ခံ​ကာ​ပြု​စု​ထား​သော ​စာ​လုံး​များ ​ဖြစ်​ပြီး​၊ ​ဤ​စာ​လုံး​များ ​ဖြစ်​ပေါ်​ရေး ​အ​တွက် ​ပြည်​တွင်း​ပြည်​ပ​ရှိ ​မြန်​မာ​ယူ​နီ​ကုဒ် ​ပ​ညာ​ရှင်​များ​၊ ​မြန်​မာ​ဂ​ရပ်​ဖစ်​ဒီ​ဇိုင်း ​ပ​ညာ​ရှင်​များ​နှ​င့် ​တိုင်း​ရင်း​သား​ယူ​နီ​ကုဒ် ​စာ​လုံး​များ​ကို ​လေ့​လာ​နေ​သော ​ထိုင်း​နိုင်​ငံ ​ချင်း​မိုင်​တ​က္က​သိုလ်​ရှိ ​ပ​ညာ​ရှင်​များ​က ​ပူး​ပေါင်း​၍ ​ကြိုး​ပမ်း​ခဲ့​ကြ​ခြင်း ​ဖြစ်​သည်။
ယ​ခု ​ထုတ်​ဝေ​သော ​ဧ​ရာ​ယူ​နီ​ကုဒ် ​စာ​လုံး​သည် ​အင်​တာ​နက်​တွင် ​အ​ဓိ​က​အ​သုံး ​ပြု​ရန်​အ​တွက် ​ရည်​ရွယ်​ထုတ်​ဝေ​သော ​စာ​လုံး​ဖြစ်​သည်။ ​ကွန်​ပျူ​တာ​ဖြ​င့် ​စာ​စီ​ရာ​တွင် ​အ​သုံး​ပြု​ရ​မ​ည့် ​ဧ​ရာ​ယူ​နီ​ကုဒ် ​ပင်​မ​စာ​လုံး (body text ​နှ​င့် ​ဧ​ရာ-​တန်​ခူး (heading၊ ​ဧ​ရာ-​ဂျူ​နို၊ ​ဧ​ရာ-​န​ဒီ ​စ​သော ​မူ​ကွဲ​စာ​လုံး​များ​ကို ​များ​မ​ကြာ​မီ ​ထုတ်​ဝေ​သွား​နိုင်​ရန် ​အ​တွက် ​ဧ​ရာ​ယူ​နီ​ကုဒ် ​အ​ဖွဲ့​သား​များ​က ​ဆက်​လက် ​အား​ထုတ်​လျက် ​ရှိ​ပါ​သည်။ ​ထို့​ပြင် ​ဧ​ရာ​ယူ​နီ​ကုဒ် ​အုပ်​စု​ဝင် ​တိုင်း​ရင်း​သား ​စာ​လုံး​များ​ကို​လည်း ​မ​ကြာ​မီ ​ထုတ်​ဝေ ​သွား​ရန် ​စီ​စ​ဉ်​ထား​ပါ​သည်။
ဤ ​ဧ​ရာ​ယူ​နီ​ကုဒ် ​မြန်​မာ​စာ​လုံး​တို့​ကို ​စီး​ပွား​ရေး​အ​ရ ​ဖန်​တီး​ခဲ့​ခြင်း ​မ​ဟုတ်​ပဲ၊ ​လွတ်​လပ်​သော ​နည်း​ပ​ညာ​ရင်း​မြစ် open source ​အ​ဖြစ်​သာ ​ဖန်​တီး​ထား​ခြင်း ​ဖြစ်​ပါ​သည်။ ​ထို့​ကြော​င့် ​ဤ​စာ​လုံး​များ​ကို ​ဧ​ရာ​အ​ဖွဲ့​၏ ​ခွ​င့်​ပြု​ချက်​ဖြ​င့် ​မည်​သူ​မ​ဆို ​လွတ်​လပ်​စွာ ​ထပ်​ဆ​င့် ​ပြု​ပြင် ​ဖန်​တီး​နိုင် ​ကြ​ပါ​သည်။
ဝေ​ဖန် ​အ​ကြံ​ပြု​ချက် ​ဆွေးေ​နွး​ချက်​များ​အား ​ကြို​ဆို​လျှက် -
ဧ​ရာ​ယူ​နီ​ကုဒ်​အ​ဖွဲ့၊ ​၂​၀​၀​၉ ​ခု​နှစ်။
ေ​ရှ့ ​လုပ် ​ငန်း ​စ ​ဉ် ?

၁။ OSX Keyboard Input Method.

MAC ​ကွန်​ပြူ​တာ​အ​တွက် ​မြန်​မာ​စာ​လုံး​များ ​ရိုက်​နှိပ်​နိုင်​ရန် ​တ​စိတ်​တ​ပိုင်း ​ဆောင်​ရွက်​ပြီး​စီး​နေ​ပြီ ​ဖြစ်​ပါ​တယ်။ ​သို့​သော်​လဲ mac ​မှာ​ရှိ​သော ​ပ​ရို​ဂ​ရမ် ​အား​လုံး​အ​တွက် ​အ​ဆင်​ပြေ​ပြေ ​သုံး​စွဲ​နိုင်​ရန် ​လို​အပ်​နေ​သည်​များ​ကို ​ဖြ​ည့်​စွက် ​ရေး​ဆွဲ​နေ​ပါ​သည်။
ယ​ခု​လက်​ရှိ ​ပြီး​စီး​ထား​သ​ည့် ​အ​ဆ​င့်​တွင် ​စမ်း​သပ်​သုံး​စွဲ​လို​သူ​များ ​အ​နေ​ဖြ​င့် ​ဤ​နေ​ရာ​တွင် download (Mac OSX 10.4 and later ​လုပ်​၍ ​ရ​ယူ​နိုင်​ပါ​သည်။ ​လော​လော​ဆယ် Adobe Programs ​များ (Indesign, PhotoShop, Illustrator ​စ​သည်​ဖြ​င့် ​တွင်​သာ ​ရိုက်​နှိပ် ​သုံး​စွဲ​၍ ​ရ​နိုင်​မည် ​ဖြစ်​ပါ​သည်။

၂။ ​ဧ​ရာ ​ဂ​ရပ်​ဖစ် ​စာ​လုံး​များ

ယ​ခု ​ဧ​ရာ​စာ​လုံး (body text)​နှ​င့် ​ဧ​ရာ ​တန်း​ခူး (heading ​ထုတ်​လုပ်​ပေး​ထား​ပါ​သည်။ ​နောက်​မ​ကြာ​ခင်​မှာ ​ဧ​ရာ-​ဂျူ​နို (​ဂ​ရပ်​ဖစ် ​အ​လှ​စာ​လုံး ​နှ​င့် ​သ​တင်း​ခေါင်း​စ​ဉ်​များ ​အ​တွက် ​သ​င့်​လျှော်​မ​ည့် ​ဧ​ရာ-​န​ဒီ ​စာ​လုံး​များ ​ထွက်​လာ​ပါ​မည်။ ​နောက်​ထပ်​လဲ ​ဂ​ရပ်​ဖစ် ​အ​လှ ​စာ​လုံး​များ​၊ ​အ​ခြား​ခေါင်း​စည်း ​စာ​လုံး​များ ​ရေး​ဆွဲ​နေ​ကြ​ပါ​သည်။

၃။ ​က​ရင် ​ယူ​နီ​ကုဒ် ​စာ​လုံး

က​ရင်​စာ​လုံး​များ​နှ​င့် ​ပတ်​သက်​၍ ​ယ​ခင်​ရှိ​ခဲ့​သော ASCII ​က​ရင်​စာ​လုံး​များ​ကို ​ယူ​နီ​ကုတ်​အ​ဖြစ် ​ပြောင်း​လဲ ​ရေး​ဆွဲ​နေ​ပြီ ​ဖြစ်​ပါ​သည်။

၄။ ​ရှမ်း ​ယူ​နီ​ကုဒ် ​စာ​လုံး

ရှမ်း​ဘာ​သာ​နှ​င့်​ပတ်​သက်​၍ ​ရှမ်း​ဘာ​သာ ​စာ​ကြွမ်း​ကျင်​သူ​များ​နှ​င့် ​ညှိ​နှိုင်း ​နေ​ပါ​သည်။

၅။ ​မွန် ​ယူ​နီ​ကုဒ် ​စာ​လုံး

မွန်​ဘာ​သာ​နှ​င့်​ပတ်​သက်​၍ ​မွန်​ဘာ​သာ ​စာ​ကြွမ်း​ကျင်​သူ​များ​နှ​င့် ​ညှိ​နှိုင်း ​နေ​ပါ​သည်။

ရ ​ယူ ​ရန် ​နှ​င့် ​ထောက် ​ကူ ​ပြု ?
http://add.ayar.co/ ​တွင် ​နောက်​ဆုံး​ထွက်​ရှိ​ထား​သ​ည့် ​အင်​စ​တော်​လာ​များ​၊ ​ပ​လပ်​အင်​များ​၊ ​အယ်​ဒီ​တာ​များ​ကို ​တ​နေ​ရာ​ထဲ​တွင် ​လွယ်​လ​င့်​တ​ကူ ​ရ​ရှိ​စေ​ရန် ​န​မူ​နာ​ရုပ်​ပုံ​များ​၊ ​ဗီ​ဒီ​ယို​များ​ဖြ​င့် ​စု​စည်း​ဖေါ်​ပြ​ပေး​ထား​ပါ​သည်။
ဘာ​တွေ​လို​မ​လဲ။ How it work?
Ayar User Guide ​လက်​စွဲ​စာ​အုပ်​သည် ​ဧ​ရာ​စာ​လုံး​အ​သုံး​ပြု​မ​ည့်​သူ​များ​အ​တွက် ​အ​လွယ်​ကူ​ဆုံး​အ​ထိ​ရောက်​ရောက်​ဆုံး​ဖြစ်​အောင် ​စီ​မံ​ပေး​ထား​သ​ည့် ​လမ်း​ညွှန်​တ​ခု​ဖြစ်​သည်။

Ayar User Guide ​လက်​စွဲ​စာ​အုပ်​တွင် ​ရှင်း​လင်း​ချက်​အ​သေး​စိတ်​ကို ​ရုပ်​သံ​မှတ်​များ​နှ​င့်​တ​ကွ ​လွင်​လ​င့်​တ​ကူ ​နား​လည်​စေ​နိုင်​ရန် ​အ​ကောင်း​ဆုံး ​ဖန်​တီး​ပေး​သည် ​မှတ်​တမ်း​တ​ခု​လည်း​ဖြစ်​သည်။
ရ​ယူ​နိုင်​မ​ည့် ​လိပ်​စာ​မှာ http://goo.gl/Nu21B ​မှာ​ဖြစ်​ပါ​သည်။

ဧ​ရာ​မြန်​မာ​ယူ​နီ​ကုဒ်​မှ ​ဖန်​တီး​ထား​သ​ည့် ​မြန်​မာ၊ ​က​ရင်၊ ​က​ရင်​နီ၊ ​က​ယား​လီ၊ ​မွန်၊ ​ပ​အိုဝ်,​နှ​င့် ​ရှမ်း​ဘာ​သာ​တို့​အ​တွက် ​အ​ကောင်း​ဆုံး​၊ ​အ​လွယ်​ကူ​ဆုံး ​အ​မြန်​ဆုံး​၊ ​အ​မှား​အ​ကင်း​ဆုံး​ဖြစ်​အောင် ​စီ​စ​ဉ်​ဖန်​တီး​ပေး​ထား​ပါ​သည်။
http://user.ayar.co/ ​မှာ ​ဧ​ရာ​သုံး​စွဲ​သူ​သူ​တွေ​ကို ​တတ်​နိုင်​သ​လောက် ​သက်​ဆိုင်​ရာ​အ​မျိုး​အ​စား​အ​လိုက် ​စု​စည်း​ပေး​ထား​ပါ​တယ်။ ​မိတ်​ဆွေ​တို့​သိ​ရှိ​ထား​သ​ည့် ​ဧ​ရာ​မြန်​မာ​ယူ​နီ​ကုဒ်​ဆိုဒ်​တွေ​ရှိ​ရင် ​ပြန်​လည်​မျှ​ဝေ​ပေး​ဖို့ ​ဖိတ်​ခေါ်​ပါ​တယ်။ contact form ​ဆက်​သွယ်​ရန်​နေ​ရာ​က​နေ​ဖြစ်​စေ၊ ​အီး​မေလ်း​က​နေ ​ပေး​ဖို့​မယ် ​ဆို​ရင်​လိပ်​စာ​က [email protected] ​သို့ ​ရေး​သား​ပေး​ပို့​ကြ​ဖို့ ​ဖိတ်​ခေါ်​လိုက်​ရ​ပါ​တယ်။
ကျေး​ဇူး​တင်​ပါ​တယ်။
http://ready.mmblogpress.org/ ​မှာ ​အ​သ​င့်​သုံး​နိုင်​အောင်​ပြင်​ဆင်​ပေး​ထား​သ​ည့် ​ဘ​လောဂ်​ဒီ​ဇိုင်း​များ​ကို ​အ​ခ​မဲ့​ရ​ယူ​အ​သုံး​ပြု​နိုင်​ပါ​သည်။ ​မိ​မိ​အ​လို​ရှိ​ရာ ​ဘ​လောဂ်​ဒီ​ဇိုင်း​များ​ကို [email protected] ​သို့​ဆက်​သွယ်​ပေး​ပို့​နိုင်​သည်။